နိုင်ငံတကာတွင် ရေပန်စားလျက်ရှိသော ထိပ်တန်းရုပ်သံလိုင်းများနှင့် ရုပ်ရှင်ဇာတ်ကားများကို စုံလင်စွာကြည့်ရှုနိုင်မည့် Mobile TV Application ကိုမြန်မာနိုင်ငံအတွက် Cookie TV မှ ပထမဆုံးယူဆောင်လာ

“နိုင်ငံတကာတွင် ရေပန်စားလျက်ရှိသော ထိပ်တန်းရုပ်သံလိုင်းများနှင့် ရုပ်ရှင်ဇာတ်ကားများကို စုံလင်စွာကြည့်ရှုနိုင်မည့် Mobile TV Application ကိုမြန်မာနိုင်ငံအတွက် Cookie TV မှ ပထမဆုံးယူဆောင်လာ”
“ထောင်ပေါင်းများစွာသော Hollywood နှင့် ကိုရီးယားအစရှိသည့် နိုင်ငံတကာရုပ်ရှင်ကားများကို အင်္ဂလိပ်၊ မြန်မာစာတန်းထိုးများဖြင့် ကြည့်ရှုနိုင်မည့်အပြင် မြန်မာပြည်ပရိတ်သတ်များအတွက် သုတ၊ ရသ စုံလင်သော နိုင်ငံတကာတိုက်ရိုက် ရုပ်သံအစီအစဉ်များကို ပြန်လည်ကြည့်ရှုနိုင်သည့် မြန်မာနိုင်ငံအတွက် ပထမဆုံးသော “Catch-up” နည်းပညာကိုပါ မိတ်ဆက်ပေးမည့် Cookie TV”

ရန်ကုန်၊ ၂၀၁၉ ဇန်နဝါရီလ ၁၀ ရက်နေ့ – Mobile Device များပေါ်တွင် သုံးစွဲသူများအနေဖြင့် နိုင်ငံတကာ ရုပ်သံလိုင်းများကို တိုက်ရိုက်ကြည့်ရှုနိုင်မည့်အပြင် ရုပ်ရှင်ဇာတ်ကားများကိုလည်း အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ ကြည့်ရှုနိုင်မည်ဖြစ်သော Mobile TV Application တစ်ခုဖြစ်တဲ့ Cookie TV ကို ယနေ့ပဲ စတင်မိတ်ဆက်ပေးလိုက်ပါသည်။

Cookie TV ရဲ လစဉ်ကြေးဖြင့်ကြည်ရှုရသည့် တိုက်ရိုက်ရုပ်သံအစီအစဉ်မှာဆိုလျှင် နိုင်ငံတကာတွင် ရေပန်းစားနေသော သတင်း၊ အားကစား၊ ဂီတ၊ ဖျော်ဖြေရေး၊ ပညာရေး နှင့် ကလေးကဏ္ဍ စသည်တို့ စုံလင်စွာပါဝင်ပြီး ပြည်တွင်းရုပ်သံအစီအစဉ်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများ၏အကြိုက် ရုပ်သံအစီအစဉ်များလွတ်သွားခဲ့လျှင် ပြန်လည်ကြည့်ရှုနိုင်ရန် “Catch-up” နည်းပညာကို ထည့်သွင်းပေးထားသော ပထမဆုံး Mobile Application ဖြစ်ပါသည်။

Cookie TV ၏ ရုပ်ရှင်ဝန်ဆောင်မှု ကဏ္ဍတွင် တစ်ကားချင်းစီစိတ်ကြိုက်ဝယ်ယူကြည့်ရှုခြင်း “Pay Per Movie” နှင့် ရုပ်ရှင်ဇာတ်ကားများစွာကို စုစည်းထားသော “Movie Album” ဟူ၍ ပုံစံနှစ်မျိုး ကို မိတ်ဆက်ပေးထားမည်ဖြစ်ပါသည်။ တစ်ကားချင်းစီ စိတ်ကြိုက်ဝယ်ယူရာတွင် နောက်ဆုံးပေါ် Hollywood ရုပ်ရှင်ဇာတ်ကားကောင်းများကို အင်္ဂလိပ်၊ မြန်မာစာတန်းထိုးများဖြင့် အခြား Mobile Application များထက်အစောဆုံး ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကိုရီးယားဇာတ်လမ်းတွဲများ၊ မြန်မာ၊ တရုတ်၊ အိန္ဒိယနှင့် နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းတွဲများလဲ မကြာခင်မှာ ထည့်သွင်းတင်ဆက်ပေးသွားမှာ ဖြစ်ပါသည်။

ရုပ်ရှင်ဇာတ်ကားများစွာကို စုစည်းထားသော “Movie Album” ကို လစဉ်ကြေးပေးသွင်းပြီး၊ အဆိုပါ “Movie Album” တွင်ပါဝင်သော Hollywood ရုပ်ရှင်များကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်ပါသည်။ သုံးစွဲသူများသည် “Movie Album” ကို သီးသန့်ဝယ်ယူနိုင်သလို ရုပ်သံအစီအစဉ်များနှင့် တွဲဖက်ဝယ်ယူပါက ပိုမိုသက်သာသော စျေးနှုန်းဖြင့်ရရှိနိုင်ပါသည်။

ထို့အပြင် Cookie TV သည် Hollywood မှနာမည်ကြီး ရုပ်ရှင် Studio များဖြစ်သော Disney, Warner Bros, NBC Universal, 20th Century Fox, Paramount, Sony, Lionsgate တို့မှ ရုပ်ရှင်ကားများအပြင်၊ HBO, Warner TV, Fox Sports, DreamWorks နှင့် National Geographic Channels အစရှိသည့် ရုပ်သံ Company များမှ တိုက်ရိုက်ရုပ်သံအစီအစဉ်များကိုလည်း ပြသရန် သဘောတူညီမှု ရယူထားပါသည်။

Cookie TV ၏ Marketing Director – ဦးဝိုင်းချစ်ဦး ကတော့ အခုလိုဘဲ ပြောကြားခဲ့ပါတယ် “ကျွန်တော်တို့ Cookie TV ဟာ မြန်မာနိုင်ငံအတွက် တန်ဖိုးအသင့်ဆုံးနှင့် အလွယ်ကူဆုံး Mobile TV Application ဖြစ်ပြီးတော့ Hollywood နဲ့ ကိုရီးယား Studio တွေကနေ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေကို တင်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်။ တစ်မိသားစုလုံး အပန်းဖြေနိုင်ရန်အတွက် ရုပ်ရှင်တွေအပြင်၊ သုတရသ ကဏ္ဍစုံရုပ်သံအစီအစဉ်များကို စုံလင်စွာကြည့်ရှုနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Cookie TV ကနေပြီးတော့ နောက်ဆုံးထွက်ရှိလာမည့် ရုပ်ရှင်ကားတွေကို အစောဆုံး ယူဆောင်ပေးလာနိုင်မယ့်ပထမဆုံး Mobile TV Application ဖြစ်ပြီးတော့ “Catch-up” နည်းပညာကိုပါ ထည့်သွင်းထားလို့ အသုံးပြုသူတွေအနေနဲ့ တိုက်ရိုက်ရုပ်သံအစီအစဉ်တွေလွတ်သွားရင်လည်း တစ်ပတ်အတွင်းပြန်လည် ကြည့်ရှုနိုင်တော့ ရုပ်ရှင်ကားတွေရော ဇာတ်လမ်းတွဲအစီအစဉ်တွေရော လွတ်တော့မှာမဟုတ်ပါဘူး”

HBO Asia ရဲ့ CEO Mr. Jonathan Spink ကတော့ အခုလိုဘဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့အခုလို Cookie TV နှင့်ပူပေါင်းပြီး HBOရုပ်သံလိုင်းများမှတစ်ဆင့် မြန်မာနိုင်ငံပရိတ်သတ်များအတွက် Hollywood ရုပ်ရှင်ကားများ၊ အာရှနှင့် U.S မှ HBO ရဲ့ ဆုရမူပိုင်ဇာတ်လမ်းတွဲများကို ပြသခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်”

Warner Home Entertainment မှ Vice President ဖြစ်တဲ့ Clarence Lo ကလဲ ” အခုလို Cookie TV နဲ့ ပူးပေါင်းပြီးတော့ မြန်မာပြည်မှ သုံးစွဲသူများအတွက် တစ်နေ့တာလုံး အချိန်မရွေးနေရာမရွေး ကြည့်ရှုနိုင်ဖို့အတွက် Warner Bros ရဲ့အကောင်းဆုံး ဇာတ်ကားများနှင့် ရုပ်သံအစီစဉ်တွေကို တင်ဆက်ခွင့်ရလို့ အလွန်ဝမ်းမြောက်မိပါတယ်။ Warner Bros အနေနဲ့လည်း နိုင်ငံတကာမှ အကောင်းဆုံး OTT Platform များနှင့် ပူးပေါင်းသကဲ့သို့ Cookie TVနဲ့ပူးပေါင်းပြီးတော့ အကောင်းဆုံး အစီအစဉ်တွေကို တင်ဆက်သွားမှာဖြစ်လို့ မြန်မာပြည် ပရိတ်သတ်များ ကျေနပ်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် Cookie TV အနေနဲ့ အကောင်းတကာ့အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်သံအစီအစဉ်တွေကို တောင်းတနေသော ပရိတ်သတ်များအတွက် Mobile Devices များမှတစ်ဆင့် ကြည့်ရှုဖို့ရာ စတင်မိတ်ဆက်ပေးလိုက်တာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

Cookie TV app ကို ( iOS 10.0 နှင့် အထက် iPhone များအတွက် ) Apple App Store မှ လည်းကောင်း ၊ (Android 4.4 (KitKat) နှင့် အထက် မိုဘိုင်းဖုန်းများအတွက်) Google Play Store မှ လည်းကောင်း ရယူနိုုင်မည်ဖြစ်ပြီး Facebook Account ဖြင့် လွယ်ကူစွာ Sign Up ပြုလုပ်နိုင်သည်။ စတင်မိတ်ဆက်သည့် အထူးအစီအစဉ်အနေဖြင့် download ပြုလုပ်၍ Sign Up ပြုလုပ်ရုံဖြင့် ၁၀,၀၀၀ ကျပ် တန်ဖိုးနှင့် ညီမျှသည့် Cookies များကိုရရှိမှာဖြစ်ပြီး ၄င်း Cookies များဖြင့် ရုပ်ရှင်ဝန်ဆောင်မှုများကို အခမဲ့ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
လစဉ်ကြေးပေးပြီးကြည့်ရှုရသော တိုက်ရိုက်ရုပ်သံအစီအစဉ်တွင် “ရိုးရှင်း” နှင့် “ထိရှ” ဟူ၍ ဝန်ဆောင်မှုနှစ်မျိုး ပါဝင်ပါသည်။ ရုပ်ရှင်ချစ်သူများအတွက်လဲ တစ်ကားချင်းစီစိတ်ကြိုက်ဝယ်ယူကြည့်ရှုခြင်း “Pay Per View” နှင့် လပေးကြည့်ရှုနိုင်သော ရုပ်ရှင်ဇာတ်ကားများစွာကို စုစည်းထားသော “Movie Album” ဝန်ဆောင်မှုကို ရွေးချယ်နိုင်မည်ဖြစ်သည်။ အသေးစိတ်ကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

Package အမျိုးအစားဖျော်ဖြေရေးသတင်းနှင့် အားကစားကလေးကဏ္ဍ/ Lifestyle/ ပညာရေးဆိုင်ရာစျေးနှုန်း/ ရက် ၃၀ စာ
(ကျပ်)
ရိုးရှင်းBlue Ant Entertainment
iTV Choice
Star Chinese Movies
KBS World
TVN
Warner TV
Bloomberg TV
Channel News Asia
DW
YTN World
KBS World 24
Eurosport
Fox Sports 1,2,3
Baby TV
Nickelodeon
Blue Ant Extreme
Animal Planet
Discovery Asia
Discovery World
TLC
Arirang TV
National Geographic
Nat Geo Wild
Nat Geo People

၄,၉၀၀

ထိရှBlue Ant Entertainment
iTV Choice
Star Chinese Movies
KBS World
TVN
Warner TV
E!
DIVA
DreamWorks Channel
HBO HD
HBO Hits
HBO Signature
HBO Family
Red by HBO
Cinemax
Bloomberg TV
Channel News Asia
DW
YTN World
KBS World 24
CNN
Eurosport
Fox Sports 1,2,3
BBC World News
Baby TV
Nickelodeon
Boomerang
Cartoon Network
Cbeebies
Blue Ant Extreme
Animal Planet
Discovery Asia
Discovery World
TLC
Arirang TV
National Geographic
Nat Geo Wild
Nat Geo People
Fashion TV
BBC Earth
BBC Lifestyle
MTV Asia
MTV Live
Outdoor Channel

၇,၉၀၀

Movie Album–    သတ်မှတ်ထားသည့် ဟောလိဝုဒ် ရုပ်ရှင်များအား အကန့်အသတ် မရှိ ကြည့်ရှုခွင့်
–    စျေးနှုန်းသင့်တင့်ပြီး TV Plan ဝယ်ယူပါက ပိုမိုစျေးနှုန်းချိုသာစွာ ကြည့်နိုင်သည်။
[စျေးနှုန်း]
သီးသန့်ဝယ်ယူပါက – ၂,၀၀၀ ကျပ်
(မည်သည့် TV Plan နှင့် မဆို)  တွဲဖက်ဝယ်ယူပါက  – ၁,၀၀၀ ကျပ်
Pay per movie –    မြန်မာနှင့် အင်္ဂလိပ်စာတန်းထိုးများပါဝင်သည်။[စျေးနှုန်း]
ရုပ်ရှင် တစ်ကားလျှင် ၃၀၀ မှ ၂,၀၀၀ ကျပ် အတွင်း

Cookie TV အကြောင်း ပိုမိုသိရှိရန်အတွက် https://www.cookie-tv.com သို့မဟုတ် တရားဝင် Facebook စာမျက်နှာ https://www.facebook.com/cookietvmyanmar/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Media Contact:
U Wyne Chit Oo, Marketing Director of Cookie TV
[email protected]