အူရီဒူးမြန်မာက Cookie TV ၏ ပထမဆုံး တယ်လီကွန်းမိတ်ဖက် ဖြစ်လာ

ရန်ကုန်၊ မြန်မာ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရာ၌ ဦးဆောင်နေသည့် အူရီဒူးမြန်မာမှ သုံးစွဲသူများအတွက် တိုက်ရိုက်ရုပ်သံလိုင်းများ နှင့် ဒီဂျစ်တယ်ဖျော်ဖြေရေး အစီအစဉ်များကို  က်ဝန်ဆောင်မှုပေးသော Cookie TV နှင့် ပူးပေါင်းလုပ်ဆောင်သော အထူး အစီအစဉ်အသစ်တစ်ခု စတင်လိုက်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Cookie TV သည်  ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်မိတ်ဆက်ခဲ့ပြီး ဤပူးပေါင်းမှုအစီအစဉ် သည် ၄င်း၏ ပထမဆုံးတယ်လီကွန်းမိတ်ဖက်အဖြစ် စတင်ပူးပေါင်းခြင်းဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ တဆင့် အူရီဒူးသုံးစွဲသူများအနေဖြင့် Cookie TV App ၏ အဆင့်မြင့် ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုများကို အထူးပရိုးမိုးရှင်း အစီအစဉ်များအနေနှင့် လက်တွေ့ကြည့်ရှုခံစား နိုင်မည်ဖြစ်ပါသည်။

ဤပူးပေါင်းမှုကြောင့် Cookie TV ကို ပထမဆုံးအကြိမ်စတင်စာရင်းသွင်းသည့် အူရီဒူးသုံးစွဲသူများသည် လူကြိုက်များသော တိုက်ရိုက်ရုပ်သံလိုင်းများဖြစ်သည့် HBO, MTV, Fox Sports နှင့် Discovery အစရှိသော အပြည်ပြည်ဆိုင်ရာ ဖျော်ဖြေရေးလိုင်းများအား အချိန်မရွေးနေရာမရွေး ၃ လ အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင်၊ Game of Thrones ၏နောက်ဆုံးဇာတ်သိမ်းပိုင်း ဇာတ်လမ်းတွဲကိုပါ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ အခမဲ့ ကြည့်ရှုခွင့် ၃လပြီးဆုံးပြီးနောက် သုံးစွဲသူများအနေဖြင့် တစ်လလျင် ၄,၉ဝဝကျပ် မှ ၇,၉ဝဝကျပ်အစရှိသည့် စျေးနှုန်းများဖြင့် လစဉ်ကြေးပေးသွင်းပြီး ဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma မှ “မိဘပြည်သူတွေရဲ့ ဒီဂျစ်တယ်ဘဝတွေကို ပြည့်စုံကောင်းမွန်စေရမည်ဆိုသည့် အူရီဒူးရဲ့ မျှော်မှန်းချက်နှင့်အညီ အူရီဒူးမြန်မာမှ သုံးစွဲသူများအတွက် အကောင်းဆုံးဒီဂျစ်တယ် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဖျော်ဖြေရေးအစီအစဉ် ရွေးချယ်စရာတွေကို ပေးအပ်ခြင်းဖြင့် သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်အတွေ့အကြုံ ပြည့်စုံကောင်းမွန်စေဖို့အတွက် အမြဲဆောင်ရွက်ပေးနေပါတယ်။    မိုဘိုင်းဗွီဒီယိုကြည့်ရှုနှုန်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာနဲ့အမျှ မြန်မာပြည်သူတွေဟာ သူတို့ရဲ့အားလပ်ချိန်တွေမှာ အကောင်းဆုံးအစီအစဉ်တွေ ကြည့်ရှုပြီး အပန်းဖြေဖို့အတွက် စမတ်ဖုန်းတွေနဲ့ ကောင်းမွန်မြန်ဆန်တဲ့ အင်တာနက်ချိတ်ဆက်မှုတွေကို ပိုပြီးတော့အားကိုးလာကြပါတယ်။ Cookie TVနဲ့ ယခုလို ပူးပေါင်းလိုက်တဲ့ ပရိုမိုးရှင်း အစီအစဉ်ကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် လူကြိုက်များတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက အထူးကောင်းမွန်တဲ့အစီအစဉ်တွေကြည့်လို့ရမယ့် အဆင့်မြင့် ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုသစ်တစ်ခု ပေးအပ်နိုင်စေပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေအတွက် ရွေးချယ်စရာ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေ ပိုပြီးရရှိစေမှာဖြစ်ပါတယ်” ဟု ပြောကြားလိုက်သည်။

အူရီဒူးသုံးစွဲသူများမှ တိုက်ရိုက်ရုပ်သံလိုင်းများအား သုံးလဆက်တိုက် အခမဲ့ ကြည့်ရှုခံစားခွင့်ရရန် ပထမဦးဆုံး Google Play Store သို့မဟုတ် Apple App Store မှတဆင့် Cookie TV အက်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲယူရပါမည်။ ထို့နောက် USSD *888# ကိုနှိပ်၍ Cookie TV အက်ပလီကေးရှင်းအား အသုံးပြုရန်လိုအပ်သော ပရိုမိုးရှင်းကုဒ်နံပါတ်ကို SMSမှတဆင့် ရယူ စာရင်းသွင်း အသုံးပြုနိုင်ပါမည်။

Cookie TV ၏ တိုက်ရိုက်ရုပ်သံအစီအစဉ်များတွင် ပြည်တွင်း ရုပ်သံလိုင်းများ၊ Cookie TV၏ ကိုယ်ပိုင် လိုင်းများအပြင် ကမ္ဘာ့နာမည်ကြီး ရုပ်သံလိုင်းများဖြစ်သည့် ကမ္ဘာ့သတင်း၊ ဖျော်ဖြေရေး၊ အားကစားနှင့် ကလေးငယ်များအကြိုက် ကာတွန်းကားများ ပါဝင်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှ အူရီဒူးသုံးစွဲသူများအနေဖြင့် ရုပ်ရှင်နှင့် တီဗွီဇာတ်လမ်းတွဲများစွာကို အချိန်နှင့်တပြေးညီ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

“Cookie TV ဟာ မြန်မာပရိသတ်တွေအတွက် အကောင်းဆုံး ဒီဂျစ်တယ် ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို ယူဆောင်လာပေးဖို့ စိတ်အားထက်သန်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းများကတဆင့် အရည်အသွေးပြည့်ဝတဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေရဲ့ သုံးစွဲမှုနှုန်းဟာ တိုးတက်များပြားလာပါတယ်။ ဒီလိုတိုးတက် မြင့်မားလာတာနဲ့အမျှ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုရဲ့ အခန်းကဏ္ဍဟာလဲ အရေးပါလာပါတယ်။ ကျွန်မတို့ Cookie TV အနေနဲ့  ယခုလို အူရီဒူးနှင့် ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ် အတွက် အလွန်စိတ်လှုပ်ရှားပါတယ်။ ဒီပူးပေါင်းမှုအစီအစဉ်ဟာ သုံးစွဲသူတွေ ပျော်ရွှင်ကျေနပ်စေမည့် အရည်အသွးမြင့်ရုပ်သံအစီအစဉ်များကို အူရီဒူး၏မြန်ဆန်ကျယ်ပြန့်သော ကွန်ရက်ချိတ်ဆက်မှုနဲ့ ဝန်ဆောင်မှုပေးအပ်မှာ ဖြစ်သည့်အတွက် သုံးစွဲသူတွေအာလုံးကို အကျိုးရှိစေမှာပဲ ဖြစ်ပါတယ်။”ဟု Cookie TV ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဒေါ်သူဇာမိုးမှ ပြောကြားလိုက်ပါသည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် အခမဲ့သုံးလတာ ပရိုမိုးရှင်း အစီအစဉ်ကို သုံးစွဲပြီးနောက် တိုက်ရိုက်ရုပ်သံအတွက် စာရင်းသွင်းအသုံးပြုနို်င်မည့် အစီအစဉ်နှစ်ခုရှိပါသည်။ ယင်းတို့မှ “ရိုးရှင်း ပက်ကေ့ဂျ်” နှင့် “ထိရှပတ်ကေ့ဂျ်” တို့ဖြစ်ပြီး ၄င်းပတ်ကေ့ဂျ်နှစ်ခုတွင် မတူညီသောရုပ်သံလိုင်းအရေအတွက်များကို ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရုပ်ရှင်များအတွက် သုံးစွဲသူများအနေဖြင့် ရုပ်ရှင်တစ်ကားစီကို ၉၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ပေးချေအသုံးပြုနိုင်မည့် ဝန်ဆောင်မှု သို့မဟုတ် လစဉ်ကြေးပေးသွင်းပြီး အသုံးပြုနိုင်မည့်အစီအစဉ်အား တစ်လလျင် ၂,ဝဝဝကျပ်ဖြင့်  အသုံးပြုနိုင်မည် ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းများ        

  • ယခုပရိုမိုးရှင်းသည် အူရီဒူးဖုန်းနံပါတ်အသုံးပြုသူများအတွက်သာ ဖြစ်ပါသည်။
  • အက်ပလီကေးရှင်းအတွင်း ရုပ်ရှင်နဲ့ ရုပ်သံလိုင်းများ ရှာဖွေခြင်း၊ ဒေါင်းလုတ်ပြုလုပ်ခြင်းနဲ့ တိုက်ရိုက်ကြည့်ရှုခြင်းများအတွက် အင်တာနက်အသုံးပြုခကျသင့်မည်ဖြစ်ပါသည်။
  • ဖုန်းနံပါတ် တစ်လုံးလျှင် ၁ ကြိမ်သာ ပရိုမိုးရှင်းကုတ်ကို ရယူနိုင်မည်ဖြစ်ပါသည်။
  • ၄ရက် ဧပြီလ ၂ နာရီနောက်ပိုင်းမှ ဝင်ရောက်ပြီး ပထမဆုံးအကြိမ် စာရင်းသွင်းမည့်သူများသာ ဤ အထူးအခွင့်အရေးကို ခံစားနိုင်မည်ဖြစ်ပါသည်။
  • အကောင့်အသစ်သုံးစွဲသူများအနေဖြင့် မည်သည့်ဝန်ဆောင်မှုမှ ရယူခြင်းမပြုမီ ရရှိထားသော ကူပွန်ကုဒ်ကို အသုံးပြုရမှာဖြစ်ပါသည်။
  • အကောင့်အသစ်သုံးစွဲသူများအနေဖြင့် ကူပွန်ကုဒ်ကိုသုံးစွဲခြင်းမပြုရန်ဆုံးဖြတ်ခဲ့ပါက “ထိရှ” ရက် ၉၀ ကြည့်ရှုခွင့် + ၃၇၆၀ cookies အစား bonus cookies ၁၀,၀၀၀ ကိုရရှိမည်ဖြစ်ပါသည်။
  • ၂၀၁၉ ဧပြီလ ၄ရက်နေ့မတိုင်ခင် မှတ်ပုံတင်ထားသော Cookie TV အကောင့်များသည် ယခုအစီအစဉ်တွင် အကျုံးဝင်ခြင်းမရှိပါ။
  • ယခုပရိုမိုးရှင်းကို အကောင့်တစ်ခုကို တစ်ကြိမ်သာ ခံစားခွင့်ရရှိမှာဖြစ်ပါသည်။
  • ယခုပရိုမိုးရှင်းကိုရယူခြင်းအားဖြင့် အခြားပရိုမိုုးရှင်းများအားဆက်စပ်ခံစားခွင့်မရှိပါ။
  • ယခုပရိုမိုးရှင်းကို လွှဲပြောင်းခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ငွေသားအနေဖြင့် ထုတ်ယူခြင်း ပြုလုပ်၍မရနိုင်ပါ။
  • Ooredoo Myanmar/ Cookie TV အနေဖြင့် အခါအားလျော်စွာ သုံးစွဲသူထံ ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိပဲ ပရိုမိုးရှင်းအစီအစဉ်များကို ပြုပြင်ပြောင်းလဲခြင်း (သို့) ရုပ်သိမ်းခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။
  • Promotion ကာလမှာ ဧပြီလ ၄ ရက် ၂၀၁၉ နှင့်မှ ဇူလိုင်လ ၄ ရက် ၂၀၁၉ ထိသာ ဖြစ်ပါတယ်။