အကောင်းဆုံး အစီအစဉ်များကို အသားပေးတင်ဆက်သွားမည့် Cookie Now အပတ်စဉ် show ကို Cookie TV တွင် စတင်ထုတ်လွှင့်

မေ ၃၁ ၊ ၂၀၁၉

ရန်ကုန်၊ မြန်မာ

Cookie Now ဟု အမည်ရသည့် အပတ်စဉ် program highlight show ကို Cookie TV တွင် ဇွန် ၇ရက်တွင် စတင်ထုတ်လွှင့်သည်။

Cookie Now သည် Cookie TV အသုံးပြုသူများအား လစဉ် ရုပ်သံလိုင်းအစီအစဉ်များအကြောင်း အချိန်နှင့်တပြေးညီသိရှိစေရန် ၊ နောက်ဆုံးထွက် ရုပ်ရှင်ကားများအား ရှာဖွေကြည့်ရှုနိုင်ရန် နှင့် အခြား အစီအစဉ်ကောင်းများစွာကို မိတ်ဆက်ပေးသွားရန် ဖန်တီးထားခြင်းဖြစ်သည်။ Cookie Now သည် အရောင်းရဆုံး ရုပ်ရှင်ဇာတ်ကားများ၊ Cookie TV ဧ။် ပရိုမိုးရှင်းများနှင့် အသစ်စက်စက် ဖျော်ဖြေရေးသတင်းများအကြောင်း ကြည့်ရှုသူများ သိရှိနိုင်မည့်နေရာတစ်ခုလည်း ဖြစ်သည်။

Cookie Now တွင် Cookie Theater ၊ Cookie One Click နှင့် Movie Barista စသည့် ကဏ္ဍ (၃) မျိုး ပါဝင်ပါသည်။ Cookie Theater တွင် နောက်ဆုံးထွက်ရှိသည့် ရုပ်ရှင်ဇာတ်ကားများအကြောင်းတင်ဆက်သွားမည်ဖြစ်ပြီး Cookie One Click တွင် Cookie TV အပ်ပလီကေးရှင်းအသုံးပြုပုံများ၊ ပရိုမိုးရှင်းများ ၊ ပွဲများ ၊ TV highlights နှင့် ရုပ်ရှင်ဇာတ်ကား charts များ အစရှိသည့် Cookie TV နှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများအကြောင်းကို ထုတ်လွှင့်သွားပါမည်။
Movie Barista ကဏ္ဍ တွင် ပြည်တွင်းအနုပညာရှင်များအကြောင်းနှင့် သူတို့ recommend ပေးသည့် ရုပ်ရှင်ကားများအကြောင်း ဖော်ပြပေးသွားမည်ဖြစ်သည်။

Cookie Now ကို Cookie TV ၏ ကိုယ်ပိုင်ရုပ်သံလိုင်းနှင့် facebook page (https://www.facebook.com/cookietvmyanmar) တွင် ကြည့်ရှုနိုင်ပြီး အပိုင်းသစ်ကို အပတ်စဉ် သောကြာနေ့ ည ၇ နာရီအချိန်တိုင်း ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

Cookie TV အကြောင်း

Cookie TV သည် Live TV နှင့် ရုပ်ရှင်ကားများကို နေရာမရွေး အချိန်မရွေး လိုသလိုကြည့်ရှုနိုင်မည့် mobile TV ဖြစ်သည်။ Cookie TV ဧ။် လစဉ်ကြည့်ရှုခကောက်ခံသည့် Live TV plan များတွင် ပြည်တွင်းရုပ်သံလိုင်းများနှင့် ကမ္ဘာတစ်ဝန်းနာမည်ကြီး နိုင်ငံတကာရုပ်သံလိုင်းများသာမက ထုတ်လွှင့်ပြီးသား အစီအစဉ်များကိုအချိန်မရွေးပြန်လည်ကြည့်ရှုနိုင်မည့် catch-up service ပါဝင်သည့်အတွက် အသုံးပြုသူများအား ပိုမိုအဆင်ပြေစေပါသည်။ Cookie TV ဖြင့် ရုပ်ရှင်များကို အလွယ်တကူကြည့်ရှုနိုင်မည့်အပြင် ဟောလိဝုဒ်မှ နောက်ဆုံးထွက်အသစ်စက်စက်ရုပ်ရှင်များနှင့် ကိုရီးယား TV show များ၊ ရုပ်ရှင်များကိုပါ တစ်ကားချင်းပေးပြီး သို့မဟုတ် classic ရုပ်ရှင်များအတွက်လည်း album အလိုက် လစဉ်ကြေးဖြင့်ကြည့်နိုင်သည့်အစီအစဉ်ပါရှိသည်။ မကြာခင်ကာလအတွင်း ပိုမိုစုံလင်ကောင်းမွန်သော အစီအစဉ်များကို ထပ်တိုးပြသသွားမည့်အပြင် TV show များ၊ မြန်မာ၊ ထိုင်း၊ တရုတ် နှင့် အိန္ဒိယ စသည့် မတူညီသောဒေသအသီးသီးမှ ရုပ်ရှင်များပါ ပါဝင်မည်ဖြစ်ပါသည်။ Cookie TV အကြောင်း ထပ်မံသိရှိလိုပါက official website ဖြစ်သည့် https://www.cookie-tv.com/ သို့မဟုတ် facebook page https://www.facebook.com/cookietvmyanmar/ သွားရောက်လေ့လာနိုင်ပါသည်။