Cookie ၏ ပလန်အမည်များနှင့်ဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ခြင်း

ရန်ကုန်

ယခင် Cookie ၏ ၄,၉၀၀ ကျပ်တန် ရိုးရှင်းပလန်အား Cookie Lite Plan အဖြစ်ပြောင်းလဲလိုက်ပြီး လစဉ်ကြေး ၁,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါသည်။ ယခင် ၇,၉၀၀ ကျပ်တန် ထိရှပလန်အား Cookie Plan အဖြစ် ပြောင်လိုက်ပြီး လစဉ်ကြေး ၄,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။   

၁,၉၀၀ ကျပ်တန် Cookie Lite Plan ကို ဝယ်ယူထားပါက-  

သတ်မှတ်ထားသော ရုပ်သံအစီအစဉ်တွေကို ရက် ၃၀ အတွင်း ကြည့်ရှုနိုင်သည့်အပြင် “Catch Up” ဝန်ဆောင်မှုကိုပါအသုံးပြုနိုင်မှာဖြစ်ပါသည်။ ဒါ့အပြင် ပလန်ဝယ်ယူထားသူများသာ ကြည့်ရှုနိုင်သော အခမဲ့ရုပ်ရှင်ဇုန်မှ ရုပ်ရှင်များကို အကန့်အသတ်မဲ့ ကြည့်ရှုနိုင်မည့်အပြင် တစ်ကားချင်း ကြည့်ဇာတ်ကားများအားလုံးကိုလည်း ဘယ်မှာမရနိုင်တဲ့ လျှော့ဈေးများဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါသည်။    

၄,၉၀၀ ကျပ်တန် Cookie Plan ကို ဝယ်ယူထားပါက-  

ရုပ်သံလိုင်းအားလုံးနှင့် “Catch Up” ဝန်ဆောင်မှုကိုပါထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ HBO နဲ့ Fox sports ကဲ့သို့သော Premium ချန်နယ်တွေကိုလည်း ကြည့်ရှုနိုင်ပါသည်။ ဒါ့အပြင် ပလန်ဝယ်ယူထားသူများသာ ကြည့်ရှုနိုင်သော အခမဲ့ရုပ်ရှင်ဇုန်မှ ရုပ်ရှင်များကို အကန့်အသတ်မဲ့ ကြည့်ရှုနိုင်မည့်အပြင် တစ်ကားချင်းကြည့်ဇာတ်ကားများ အားလုံးကိုလည်း ဘယ်မှာမရနိုင်တဲ့ လျှော့ဈေးများဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါသည်။  

Cookie Plan များနှင့် ဈေးနှုန်းများ 

ပလန်များ အကျိုးခံစားခွင့်များ ရက်ပေါင်း (၃၀) ရက်ပေါင်း(၉၀)   ရက်ပေါင်း (၁၈၀) ရက်ပေါင်း (၃၆၀) 
ဒစ်စကောင့်နှုန်းထားများ % ၁၅% ၂၀% ၂၅% 
Cookie Lite သတ်မှတ်ထားသောရုပ်သံလိုင်းများ ၁,၉၀၀ ၄,၈၄၅ ၉,၁၂၀ ၁၇,၁၀၀ 
အခမဲ့ရုပ်ရှင်ဇုန် 
တစ်ကားချင်းကြည့်ရုပ်ရှင်ကားများအတွက် လျှော့ဈေးများ 
Cookie Plan ရုပ်သံလိုင်းများအားလုံး ၄,၉၀၀ ၁၂,၄၉၅ ၂၃,၅၂၀ ၄၄,၁၀၀ 
အခမဲ့ရုပ်ရှင်ဇုန် 
တစ်ကားချင်းကြည့်ရုပ်ရှင်ကားများအတွက် လျှော့ဈေးများ 

အသေးစိတ်သိရှိလိုပါက CookieTV ၏ Facebook စာမျက်နှာ – https://www.facebook.com/CookieMyanmar/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။