Cookie Asia - အာရှတွင်းအစီအစဉ်များကို အဓိကတင်ဆက်သွားမည့် ပထမဆုံးကိုယ်ပိုင်ရုပ်သံလိုင်းကို Cookie TV မှ စတင်မိတ်ဆက်

ဇွန် ၁၂ ရက် ၊ ၂၀၁၉

ရန်ကုန်၊ မြန်မာ

မိုဘိုင်း(လ်) တီဗီအပ်ပလီကေးရှင်းဖြစ်သော Cookie TV သည် အာရှတစ်ခွင်မှ စိတ်ဝင်စားစရာ အစီအစဉ်များကို အဓိကတင်ဆက်သွားမည့် ပထမဆုံး ကိုယ်ပိုင်ရုပ်သံလိုင်းကို စတင်မိတ်ဆက်လိုက်သည်။ Cookie Asia ဟုအမည်ပေးထားသည့် ရုပ်သံလိုင်းကို ၂၄ နာရီပြသသွားမည်ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့တွင် စတင်ထုတ်လွှင့်သွားမည်။

မြန်မာ ၊ကိုရီးယား၊ တရုတ်၊ ထိုင်းစသည့် အာရှဒေသတွင်းမှ ရုပ်ရှင်ဇာတ်ကားများနှင့် နောက်ဆုံးထွက် TV Show များ စသဖြင့် အမျိုးအစားစုံလင်သော အစီအစဉ်များစွာကို တင်ဆက်သွားရန် ရည်ရွယ်ချက်ဖြင့် Cookie Asia ကို ထုတ်လွှင့်ခြင်းဖြစ်သည်။

Cookie TV ၏ CEO ဖြစ်သူ မသူဇာမိုးက “Cookie TV သည် အကောင်းတကာ့အကောင်းဆုံး အစီအစဉ်များနှင့် ကြည့်ရှုမှုအတွေ့အကြုံများကို ထုတ်လွှင့်ပေးရင်း မြန်မာပရိသတ်များ၏ များပြားလာသော လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အမြဲကြိုးစားလျက်ရှိသည်။ အာရှတွင်းမှအစီအစဉ်များသည် ကြည့်ရှုသူများနှင့် အကျွမ်းတဝင်ရှိပြီးဖြစ်သလို Cookie TV တွင် လူကြိုက်အများဆုံး အစီအစဉ်လည်းဖြစ်သည်။ ကြည့်ရှုသူများ၏များပြားလာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ကိုယ်ပိုင်ဖန်တီးမှုအစီအစဉ်များကို တင်ဆက်ရန် စီစဉ်နေပြီး မကြာမီကာလအတွင်း Cookie TV တစ်နေရာတည်းတွင်သာ သီးသန့်ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။” ဟုပြောကြားခဲ့သည်။

ဇွန်လတွင်စတင်ထုတ်လွှင့်မည့် Cookie Asia တွင် SECRET OF THE THREE KINGDOMS နှင့် CRUEL ROMANCE စသည့် တရုတ် drama ဇာတ်လမ်းတွဲများကို ပြသမိတ်ဆက်သွားမည်ဖြစ်သည်။

SECRET OF THE THREE KINGDOMS သည် ရှေးဟောင်းနောက်ခံ drama ဇာတ်လမ်းတွဲဖြစ်သည်။ ဘုရင်သုံးပါးအုပ်ချုပ်သည့် ကာလအတွင်းက လျှို့ဝှက်ချက်များနှင့် အားပြိုင်မှုများကို အသားပေးရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်သည်။

CRUEL ROMANCE သည် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံတွင်ထွက်ရှိကတည်းက အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၁၅ နှစ်ဝက်အတွက် ဒုတိယ လူကြိုက်အများဆုံး တီဗီဇာတ်လမ်းတွဲဖြစ်ကာ အွန်လိုင်းတွင်ကြည့်ရှုသူ သန်း၅ဝအထိရှိခဲ့သည်။

LEVEL UP ဟုအမည်ရသည့် ကိုရီးယားဇာတ်လမ်းတွဲအသစ်သည် Cookie TV ၏ ပထမဆုံး ကိုယ်ပိုင်ဖန်တီးမှုဇာတ်လမ်းတွဲဖြစ်ပြီး SINGLE LIFE reality show မှ နာမည်ကြီး ကိုရီးယားသရုပ်ဆောင်များဖြစ်သည့် Han Bo Reum နှင့် Sung Hoon တို့ပါဝင်သည်။ LEVEL UP ဇာတ်လမ်းတွဲအသစ်ကို ဇူလိုင်၁၀ရက်နေ့တွင် ကိုရီးယားနိုင်ငံတွင် ထုတ်လွှင့်သွားဖြစ်ပြီး Cookie TV အသုံးပြုသူများအနေဖြင့် ကိုရီးယားနှင့်တစ်ချိန်တည်း ကြည့်ရှုနိုင်မည်။

ကိုရီးယားဇာတ်လမ်းတွဲများနှင့် reality show များ ၊ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှ ရုပ်ရှင်ဇာတ်ကားများကိုလည်း Cookie Asia တွင် ယခုနှစ်အတွင်း ထပ်တိုးပြသသွားမည်ဖြစ်သည်။

Cookie TV အကြောင်း

Cookie TV သည် Live TV နှင့် ရုပ်ရှင်ကားများကို နေရာမရွေး အချိန်မရွေး ကြည့်ရှုနိုင်မည့် mobile TV ဖြစ်သည်။ Cookie TV ဧ။် လစဉ်ကြည့်ရှုခကောက်ခံသည့် Live TV plan များတွင် ပြည်တွင်းရုပ်သံလိုင်းများနှင့် ကမ္ဘာတစ်ဝန်းနာမည်ကြီး နိုင်ငံတကာရုပ်သံလိုင်းများသာမက ထုတ်လွှင့်ပြီးသား အစီအစဉ်များကိုအချိန်မရွေးပြန်လည်ကြည့်ရှုနိုင်မည့် catch-up service ပါဝင်သည့်အတွက် အသုံးပြုသူများအား ပိုမိုအဆင်ပြေစေပါသည်။ Cookie TV ဖြင့် ရုပ်ရှင်များကို အလွယ်တကူကြည့်ရှုနိုင်မည့်အပြင် ဟောလိဝုဒ်မှ နောက်ဆုံးထွက် အသစ်စက်စက်ရုပ်ရှင်များနှင့် ကိုရီးယား TV show များ၊ ရုပ်ရှင်များကိုပါ တစ်ကားချင်းပေးပြီး သို့မဟုတ် classic ရုပ်ရှင်များအတွက်လည်း album အလိုက် လစဉ်ကြေးဖြင့်ကြည့်နိုင်သည့်အစီအစဉ်ပါရှိသည်။ မကြာခင်ကာလအတွင်း ပိုမိုစုံလင်ကောင်းမွန်သော အစီအစဉ်များကို ထပ်တိုးပြသသွားမည့်အပြင် TV show များ၊ မြန်မာ၊ ထိုင်း၊ တရုတ် နှင့် အိန္ဒိယ စသည့် မတူညီသောဒေသအသီးသီးမှ ရုပ်ရှင်များပါ ပါဝင်မည်ဖြစ်ပါသည်။ Cookie TV အကြောင်း ထပ်မံသိရှိလိုပါက official website ဖြစ်သည့် https://www.cookie-tv.com/ သို့မဟုတ် facebook page https://www.facebook.com/cookietvmyanmar/ သွားရောက်လေ့လာနိုင်ပါသည်။