FAQs

ကျွန်ုပ်တို့အကြောင်း

Cookie TV ဆိုတာရုပ်သံလိုင်းပေါင်းများစွာနှင့် ရုပ်ရှင်ကားများကို မိမိသွားလေရာ အလွယ်တကူသယ်ဆောင်သွားပြီး ကြည့်လို့ရတဲ့ Mobile TV အမျိုးအစားလေးဖြစ်ပါတယ်။
Cookie TV ကိုမိမိ၏ Mobile Devices တွေကနေတစ်ဆင့် အလွယ်တကူကြည့်လို့ ရပါတယ်။
ကျွန်တော်တို့ Cookie TV မှာဆိုရင်ဖြင့် နိုင်ငံတကာသတင်းများ၊ အားကစား သတင်းများ၊ ရုပ်သံဖျော်ဖြေရေးဝန်ဆောင်မှုများ၊ ကလေးများအတွက် အထူးအစီအစဉ်များနှင့် ရုပ်ရှင်ကားများကိုပါ တနေရာတည်းကြည့်ရှု ခံစားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ဝန်ဆောင်မှုများကိုတော့ အဓိကအားဖြင့် တစ်ကားချင်းစီကြည့်လို့ရအောင်စီစဉ်ပေးထားပါတယ်။ ဒါကဘယ်လိုလဲဆိုတော့ မတူညီတဲ့စျေးနှုန်းတွေရှိတဲ့ ရုပ်ရှင်ကားတွေကို မိမိကြိုက်နှစ်သက်ရာရွေးချယ်ဝယ်ယူကြည့်လို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Cookie TV မှအထူးစီစဉ်ထားတဲ့ ရုပ်ရှင်စုစည်းမှုဟာဆိုရင်ဖြင့် သတ်မှတ်ထားသော Hollywood ရုပ်ရှင်တွေကို အကန့်အသတ်မရှိကြည့်လို့ရမှာဖြစ်ပါတယ်။ "Movie Album" ကိုသပ်သပ်ဝယ်ယူလို့ရသလို၊ အခြားအစီအစဉ်တွေနှင့်တွဲဖက်ပြီးလဲ စျေးသက်သာစွာဝယ်ယူနိုင်ပါတယ်

စလိုက်ကျစို့

Cookie TV ကိုမိမိ၏ Facebook account ကိုအသုံးပြုပြီး အလွယ်တကူလျှောက်ထားလို့ရပါတယ်ဗျ။
ဒီကိစ္စကိုပြောဖို့ စိတ်မကောင်းပေမယ့်လဲ ပြောရမှာဘဲလေ။ အခုလောလောဆယ်မှာတော့ Facebook ကနေအကောင့်လျှောက်တာမှအပ တခြားအကောင့်လျှောက်ဖို့အတွက် နည်းလမ်းတွေမရှိသေးပါဘူး။ ဒါပေမယ့်စိတ်မပူပါနှင့် Cookie TV မှ သူရဲကောင်းတွေက သုံးစွဲသူတွေအတွက်အကောင်းဆုံးဖြစ်အောင် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။
ပထမဆုံး App Store ကိုသွားပြီး "Cookie TV" ကိုရှာလိုက်ပါ။ Cookie TV လေးကိုတွေ့ပါလိမ့်မယ်။ ဆက်ပြီး ဘာမှမစဉ်းစားပါနှင့် instal ခလုတ်ကလေးကိုနှိပ်ပြီး ကျွန်တော်တို့ကပေးတဲ့ ဝန်ဆောင်မှုလေးတွေကို စတင်သုံးစွဲကြည့်လိုက်ပါဗျ။ အော်.. ဒါနှင့်လေ သတင်းကောင်းတစ်ခုရောကြားပြီးပြီလား။ ပထမဆုံး Sign Up လုပ်တဲ့လူတွေကို ငွေတစ်သောင်းနှင့်ညီမျှတဲ့ Cookies "10,000" ကိုပေးနေပြီးဆိုတာကိုလေ။ ကဲဘာတွေစောင့်နေမှာလဲ။
"Cookie TV ကို Android နှင့် iOS Devices တွေမှာအသုံးပြုလို့ရပါတယ်။ မိမိ၏ Device မှာအသုံးပြုဖို့အတွက် အောက်ပါအချက်လေးတွေပါရှိဖို့ လိုအပ်ပါတယ်။ Android အသုံးပြုသူတွေဆိုရင်တော့ Device Hardware မှာ CPU 1.2GHz ထက်မနည်းရှိပြီး RAM အနေနှင့် 1GB နှင့်အထက်ရှိရမှာဖြစ်ပါတယ်။ Device Software ပိုင်းမှာတော့ Android Operating System : Android 5.0 (Lollipop) နှင့်အထက်ဆိုရင် ထည့်သွင်းအသုံးပြုလို့ရမှာဖြစ်ပါတယ် iOS 10.0 နှင့်အထက်ရှိတဲ့ iPad, iPad Mini, iPhone နှင့် iPod Touch တွေမှာထည့်သွင်းအသုံးပြုလို့ရပါတယ်"

ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ

ကိုယ်အကြိုက်ဆုံးရုပ်သံအစီအစဉ်တွေကို လွတ်သွားလို့စိတ်ညစ်နေပြီးလား။ ကဲစိတ်မပူပါနှင့်တော့ အဲ့ဒါတွေအာလုံးအတွက်အဆင်ပြေနိုင်အောင် သူများတွေထက် တမူထူးခြားတဲ့ "catch-up" အစီအစဉ်ကို Cookies TV မှထည့်သွင်းထားပေးပါတယ်နော်။ ဒီအစီအစဉ်နှင့်ဆိုရင် ကိုယ်လွတ်သွားတဲ့ ရုပ်သံအစီအစဉ်တွေကို ထုတ်လွှတ်ပြီး ၁ ပတ်အတွင်း Cookie TV မှာပြန်ကြည့်လို့ရမှာဖြစ်ပါတယ်ဗျ။
Cookie TV မှာယခုလောလောဆယ်တော့ တိုက်ရိုက်ရုပ်သံအစီအစဉ်သုံးမျိုး၊ ရုပ်ရှင်စုစည်းမှုနှင့် တစ်ကားချင်းကြည့်ဆိုပြီးရနိုင်ပါတယ်။
တစ်လကို Cookies 4,900 နှင့်သတ်မှတ်ထားသော ရုပ်သံအစီအစဉ်တွေကိုကြည့်ရှုနိုင်သည့်အပြင် "Catch Up" ဝန်ဆောင်မှုကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ထိရှအစီအစဉ်ကိုအသုံးပြုပြီး ရုပ်သံလိုင်းအားလုံးနှင့် "Catch Up" ဝန်ဆောင်မှုကိုပါထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး၊ တစ်လကိုမှ Cookies 7,900 ဘဲကျသင့်မှာဖြစ်ပါတယ်
"Movie Alubm" ကိုဝယ်ယူမည်ဆိုရင်တော့၊ သတ်မှတ်ထားတဲ့ရုပ်ရှင်ကားတွေကို အကန့်အသတ်မရှိဘဲအသုံးပြုလို့ရမှာဖြစ်ပါတယ်။
"Pay Per Movie" ကိုအသုံးပြုမယ်ဆိုရင်တော့ ပုံမှန်လစဉ်ကြေးပေးနေရမှာ မဟုတ်ဘဲ မိမိကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားကို ရွေးချယ်ငှားရမ်းကြည့်ရှုရမှာဖြစ်ပါတယ်။
မိမိဝယ်ယူထားသောရုပ်ရှင်ကားတွေကို စတင်ဝယ်ယူသည့်နေ့မှ ရက်သုံးဆယ်အထိသိမ်းထားလို့ရပါတယ်။ ဒါပေမယ့် စပြီးကြည့်ရှုလိုက်မယ်ဆိုရင်တော့၊ ၇၂ နာရီအတွင်းပြီးအောင် ကြည့်ရမှာဖြစ်ပါတယ်။
ရတာပေါ့၊ ကျွန်တော်တို့ရဲ့ တကားချင်းကြည့်အစီအစဉ်မှရုပ်ရှင်ကားတွေကို Download ခလုတ်ကိုအလွယ်တကူနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။ Wifi ရှိတဲ့နေရာတွေမှာအပြီးကြိတ်ပြီး၊ မိမိရဲ့ Mobile Data လေးကိုတော့ချွေတာသုံးကျပါနော်။ ကိုယ် Download လုပ်ထားတဲ့ကားတွေကို "My Downloads" အောက်မှာဝင်ရောက်ကြည့်ရှုနိုင််ပါတယ်
Cookie TV ကိုဘယ်လောက်ထိ သဘောကျလဲဆိုတာကို သက်သေပြရင် "Bonus Cookies" လေးတွေကိုရယူလိုက်ပါ။ သင့်သူငယ်ချင်းတွေကို Cookie TV ကို Install လုပ်ပြီး Sign up လုပ်ခိုင်းတာနှင့် "Bonus Cookies 1,000" ကိုရရှိမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Code လေးကတော့ Profile ရဲ့ဘေးမှာ ရှိပါတယ်။ လွယ်ကူစွာ Copy/ Paste လုပ်ပြီး သင့်သူငယ်ချင်းတွေကို အခုဘဲပို့လိုက်ပါ။ ဒါမှမဟုတ် "Refer & Earn" ကိုနှိပ်ပြီး "Share Your Code" ကိုရွေးချယ်ကာ ကြိုက်နှစ်သက်ရာ Application ကနေလဲပေးပို့လို့ရပါသေးတယ်။
Refer လုပ်နိုင်တဲ့ မိသားစုဝင်တွေနှင့် သူငယ်ချင်းတွေကို ကန့်သတ်ထားခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် သတိပြုရမှာက Referral Program ကရရှိလာမည့် "Cookies" တွေက "Bonus Cookies တွေဖြစ်ပြီး၊ ရလာတဲ့ Cookie တွေကို လွှဲပြောင်းပေးလို့မရသလို သက်တမ်းအနေနဲ့ကတော့ ရက် ၃၀ အတွင်း သုံးစွဲရမှာဖြစ်ပါတယ်။

Cookies နှင့်ငွေပေးချမှု

Cookie တစ်ခုကို တစ်ကျပ်နှင့်ညီမျှပါ။ ဒါကြောင့် Cookie ၂၀၀၀ ဝယ်ချင်တယ်ဆိုရင်တော့ ၂၀၀၀ ကျပ်အသုံးပြုရမှာပေါ့။
ရှိတာပေါ့။ အနည်းဆုံး Cookie တစ်ထောင်ကနေစတင်ဝယ်ယူရမှာဖြစ်ပြီး၊ ၁၀၀၀ ထည့်ပြီးရင်တော့ ၁၀၀ ချင်းစီတိုးပြီးဝယ်ယူလို့ရမှာဖြစ်ပါတယ်။
Cookie တွေကိုဝယ်ယူဖို့အတွက် "Menu" ထဲမှ "Fill Your Cookie Jar" ကိုနှိပ်၍ မိမိပေးသွင်းလို့သောပမာဏကိုငွေကျပ် "၁၀၀၀" မှစ၍ "၁၀၀" ဆီတိုးပြီးဝယ်ယူလို့ရနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေကိုအသုံးပြုပြီး "Cookies" တွေကိုဝယ်ယူလို့ရနိုင်ပါတယ်: 1. KBZ Bank 2. Coda Pay - MPT, Telenor, Ooredoo 3. Wave Money 4. OK Dollar
မသုံးဖြစ်တဲ့ Cookies တွေအတွက်ငွေပြန်အမ်းပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ကျန် Cookies တွေကိုတော့ မိသားစုဝင်တွေနှင့် သူငယ်ချင်းတွေကို လက်ဆောင်ပေးလို့ရပါတယ်။
Cookies တွေကိုလက်ဆောင်ပေးခြင်းဖြင့် သင့်ရဲ့ မိသားစုတွေနှင့် သူငယ်ချင်းတွေအပေါ် သင်ဘယ်လိုတန်ဖိုးထားလဲပြောပြဖို့အတွက် အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ အထူးသဖြင့်သူတို့က ရုပ်သံလိုင်းတွေနှင့် ရုပ်ရှင်တွေရဲ့ ဝါသနာအိုးတွေဖြစ်ခဲ့ရင်ပေါ့။ “My Cookies” ရဲ့အောက်မှာ “Gift Cookies” ဆိုတာလေးကိုနှိပ်၊ ပြီးလျှင် Cookies ပို့လို့ရမယ့် application လေးတွေကျလာပါလိမ့်မယ်။ နှစ်သက်ရာ Application ကနေ ကိုယ်ပို့ချင်တဲ့လူဆီကို ပို့ချင်တဲ့ပမာဏကိုထည့်သွင်းပြီးပို့လို့ရပါတယ်။
Promotion အစီအစဉ်တွေမှာလက်ဆောင်အဖြစ်ပေးတဲ့ Cookies လေးတွေဖြစ်ပါတယ်။ ပုံမှန် Cookies နှင့်မတူတဲ့အချက်ကတော့ မေတ္တာလက်ဆောင်ရတဲ့ Cookies တွေကိုလွှဲပြောင်းပေးလို့မရပါဘူး။ တခြားတစ်ယောက်ကိုလွှဲပြောင်းပေးလို့မရသလို၊ ရုပ်ရှင်ကားတွေကို တခြားတစ်ယောက်ကို ဝယ်ယူပြီး လက်ဆောင်ပေးလို့မရပါ။ သတိထားရမှာကတော့ မေတ္တာလက်ဆောင်ရရှိထားတဲ့ Cookies လေးတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာသာ အသုံးပြုရမှာဖြစ်ပါတယ်။
My coupons အောက်ကိုသွားပြီး Coupon Registration ကိုနှိပ်ကာ အခုရရှိထားတဲ့ Coupon Code လေးကိုထည့်လိုက်ရုံပါဘဲ။ ရရှိထားတဲ့ Cookies ပမာဏကိုအတည်ပြုထားတဲ့ စာလေးရောက်လာပါလိမ့်မယ်
ရုပ်ရှင်နှင့် ရုပ်သံလိုင်းများ၏ မူပိုင်ခွင့်ကိုင်ဆောင်သူ၏ သဘောတူညီချက်နှင့် ပေါ်လစီများအရ အချို့ရုပ်သံလိုင်းများတွင် Catch-up ဝန်ဆောင်မှုကိုအသုံးပြု၍မရနိုင်ပါ။
Cookie TV မှရုပ်ရှင်ကားတိုင်းကို Download ဆွဲ၍ကြည့်လို့ရအောင်လုပ်ထားပေမယ့်၊ မူပိုင်ခွင့်ကိုင်ဆောင်သူ၏ Policy အရ တစ်ချို့ရုပ်ရှင်ကားများမှာ တိုက်ရိုက်ကြည့်ရှုလို့ရပြီး Download ဆွဲလို့ရမည်မဟုတ်ပါ။ သတိပြုရမှာက Cookie TV မှာ Download လုပ်လို့မရသောရုပ်ရှင်ကားများကို အခြားမည်သည့် OTT ဝန်ဆောင်မှုတွင်မဆို Download လုပ်လို့ရမည်မဟုတ်ပါ။