FAQs

ကျွန်ုပ်တို့အကြောင်း

Cookie ဆိုတာမြန်မာ၊ ဟောလိဝုဒ် နဲ့ အာရှမှာရှိတဲ့ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ကားများနဲ့ ရုပ်သံအစီအစဉ်ပေါင်းများစွာကို တစ်နေရာထဲမှာ ကြည့်ရှုလို့ရတဲ့ အွန်လိုင်းပေါ်က ရုပ်ရှင်ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။
Cookies ဆိုတာကတော့ Cookie မှာသာရှိတဲ့ အွန်လိုင်းငွေကြေးတစ်မျိုး ဖြစ်ပါတယ်။Cookies လေးတွေကိုအသုံးပြုပြီး Cookie မှာရှိတဲ့ရုပ်သံလိုင်းတွေနှင့် ရုပ်ရှင်တွေကိုဝယ်ယူလို့ရပါတယ်။ဝယ်ယူထားတဲ့ Cookies တွေမှာ သက်တန်းကုန်ဆုံးရက်မရှိပေမဲ့ လက်ဆောင်ရထားတဲ့ Bonus cookies လေးတွေကိုတော့သတ်မှတ်ထားတဲ့အချိန်အတောအတွင်းမှာသာအသုံးပြုနိုင်မှာပါ။
Cookie ကို မိမိ၏ smart phones တွေ tablets တွေကဲ့သို့သော mobile devices တွေမှာအလွယ်တကူအသုံးပြုလို့ရပါတယ်။
Cookie မှာ Basic, Premium နဲ့ Premium Home ဆိုပြီး subscriptions သုံး မျိုးရှိပါတယ်။ Subscription တစ်ခုခုရယူထားပါက တိုက်ရိုက် ရုပ်သံလိုင်းတွေ နဲ့ ရုပ်ရှင်များကဏ္ဍမှ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။အကောင့်တစ်ခုကို ပရိုဖိုင် ၅ခုအထိ ပြုလုပ်လို့ရတာဖြစ်လို့ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့အတူတူ နိုင်ငံတကာရုပ်သံလိုင်းတွေ ရုပ်ရှင်တွေကို မျှဝေခံစားနိုင်မှာဖြစ်ပါတယ်။ Subscription မရယူထားပေမဲ့လည်းCookie မှာ မိမိနှစ်သက်ရာရုပ်ရှင်တစ်ကားချင်းစီကို ရွေးချယ် ငှားရမ်းကြည့်ရှုနိုင်မှာပါ။

စလိုက်ကြစို့

အရမ်းကို လွယ်ကူပါတယ်။ Cookie app ကိုဝင်ပြီး Facebook accountနဲ့ ဖုန်းနံပါတ်ကိုအသုံးပြုပြီး Sign upပြုလုပ်ရုံပါပဲနော်။
Cookie ကနေပြီး မိမိရဲ့ ချစ်သူ ခင်သူ မိသားစုတွေနဲ့ပိုပြီးနွေးထွေးမှုရှိအောင် လက်ဆောင်လေးပေးထားပါတယ်။အဲ့ဒါကတော့ Cookie အကောင့်တစ်ခုမှာ ပရိုဖိုင် လေးတွေဖန်တီးပြီး Device ၁၀ခုအထိ မျှဝေသုံးစွဲလို့ရမှာဖြစ်တဲ့အပြင် Device ၅ ခုအထိတစ်ပြိုင်တည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Facebook accountနဲ့ sign up ပြုလုပ်ထားတဲ့ ပထမဦးဆုံး ပရိုဖိုင်က ပင်မ ပရိုဖိုင်ဖြစ်ပါတယ်။ အကောင့်တစ်ခုကို ပင်မ ပရိုဖိုင်အပြင် နောက်ထပ် ဆင့်ပွား ပရိုဖိုင်လေးခု ပြုလုပ်လို့ရပါတယ်။ တစ်ခြား Devices တွေမှာ ဆင့်ပွား ပရိုဖိုင်နဲ့ sign in ပြုလုပ်အသုံးပြုမယ်ဆိုရင် ပင်မပရိုဖိုင်မှ ပြုလုပ်ထားသော စကားဝှက်နဲ့ ဖုန်းနံပါတ်ဖြင့်သာဝင်ရောက်အသုံးပြုနိုင်ပါမယ်။ ဆင့်ပွား ပရိုဖိုင်တွေအတွက် စကားဝှက်ကို ပင်မပရိုဖိုင်တစ်ခုတည်းကသာ စီမံထိန်းချုပ်လို့မှာပါ။
ပရိုဖိုင် တစ်ခုချင်းစီတိုင်းတွင် ၁။ ဒေါင်းလုတ် ပြုလုပ်ထားသော ဇာတ်ကားများ ၂။ ကြည့်ချင်သော ဇာတ်ကားများ ၃။ လက်ရှိ ကြည့်ရှုနေသော ဇာတ်ကားများ *ပင်မ ပရိုဖိုင်ကသာ အကောင့်နဲ့ပတ်သတ်သော သတင်းအချက်အလက်(ဖုန်းနံပါတ်၊ စကားဝှက်၊ အီးမေးလ်) တွေကို ပြုပြင်နိုင်မှာဖြစ်ပါတယ်။
ပရိုဖိုင် တစ်ခုချင်းစီတိုင်းတွင် ၁။ ဒေါင်းလုတ် ပြုလုပ်ထားသော ဇာတ်ကားများ ၂။ ကြည့်ချင်သော ဇာတ်ကားများ ၃။ လက်ရှိ ကြည့်ရှုနေသော ဇာတ်ကားများ ၄။ စကားဝှက် စီမံထိန်းချုပ်မှု - ပင်မ ပရိုဖိုင်ကသာ စကားဝှက်ကို ဖန်တီးနိုင်ပြီး စီမံထိန်းနိုင်မှာဖြစ်ပါတယ် ၅။ ကိုယ့်အကြိုက်နဲ့ ကိုက်ညီမယ့် တီဗီအစီအစဉ်တွေနဲ့ ရုပ်ရှပ်ဇာတ်ကားအကြံပြုချက်တွေကိုလည်း မကြာမီဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
အခုလိုကြားရတာ စိတ်မကောင်းဖြစ်မိပါတယ်။ ပရိုဖိုင်ကို ဖျက်မိရင် ပြန်ရနိုင်မှာမဟုတ်ပါဘူး။
ပထမဆုံး App Store ကိုသွားပြီး "Cookie" ကိုရှာလိုက်ပါ။ Cookie လေးကိုတွေ့ပါလိမ့်မယ်။ ဆက်ပြီး ဘာမှမစဉ်းစားပါနှင့် install ခလုတ်ကလေးကိုနှိပ်ပြီး ကျွန်တော်တို့ကပေးတဲ့ ဝန်ဆောင်မှုလေးတွေကို စတင်သုံးစွဲကြည့်လိုက်ပါဗျ
Cookie ကို Android နှင့် iOS Device တွေမှာအသုံးပြုလို့ရပါတယ်။ မိမိ၏ Device မှာအသုံးပြုဖို့အတွက် အောက်ပါအချက်လေးတွေပါရှိဖို့ လိုအပ်ပါတယ်။ Android အသုံးပြုသူတွေဆိုရင်တော့ Device Hardware မှာ CPU 1.2GHz ထက်မနည်းရှိပြီး RAM အနေနှင့် 1GB နှင့်အထက်ရှိရမှာဖြစ်ပါတယ်။ Device Software ပိုင်းမှာတော့ Android Operating System : Android 5.0 (Kitkat) နှင့်အထက်ဆိုရင် ထည့်သွင်းအသုံးပြုလို့ရမှာဖြစ်ပါတယ် iOS 12.0 နှင့်အထက်ရှိတဲ့ iPad, iPad Mini နှင့်iPhone တွေမှာထည့်သွင်းအသုံးပြုလို့ရပါတယ်
အသုံးပြုသူတွေရဲ့ အကောင့်လုံခြုံရေးအတွက် ဖုန်းနံပါတ်ကိုတောင်းခံရခြင်းဖြစ်ပါတယ်။Cookie အနေနဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြား third parties လုပ်ငန်းတွေကို ရောင်းချခြင်း မျှဝေခြင်းပြုလုပ်မှာမဟုတ်ပါ။

Cookie ဝန်ဆောင်မှုများ

ကိုယ်အကြိုက်ဆုံးရုပ်သံအစီအစဉ်တွေကို လွတ်သွားလို့စိတ်ညစ်နေပြီးလား။ ကဲစိတ်မပူပါနှင့်တော့ အဲ့ဒါတွေအာလုံးအတွက်အဆင်ပြေနိုင်အောင် သူများတွေထက် တမူထူးခြားတဲ့ "Catch up" အစီအစဉ်ကို Cookies မှထည့်သွင်းထားပေးပါတယ်နော်။ ဒီအစီအစဉ်နှင့်ဆိုရင် ကိုယ်လွတ်သွားတဲ့ ရုပ်သံအစီအစဉ်တွေကို ထုတ်လွှတ်ပြီး ၁ ပတ်အတွင်း Cookie မှာပြန်ကြည့်လို့ရမှာဖြစ်ပါတယ်ဗျ။
Cookie မှာ Basic,Premium နဲ့ Premium home ဆိုပြီး subscriptions သုံးမျိုးရှိပါတယ်။ Subscription တစ်ခုခုရယူထားပါက တိုက်ရိုက် ရုပ်သံလိုင်းတွေ နဲ့ ရုပ်ရှင်များကဏ္ဍမှ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။
Cookies 1,900 နှင့်သတ်မှတ်ထားသော ရုပ်သံအစီအစဉ်တွေကို ရက် ၃၀ အတွင်း ကြည့်ရှုနိုင်သည့်အပြင် "Catch Up" ဝန်ဆောင်မှုကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။Cookie ပလန်လိုပဲ ရုပ်ရှင်များ ကဏ္ဍ မှ ဇာတ်ကားပေါင်းများစွာကိုပါ တပါတည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Premium plan ကိုအသုံးပြုပြီး ရုပ်သံလိုင်းအားလုံးနှင့် "Catch Up" ဝန်ဆောင်မှုကိုပါထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး ရက်ပေါင်း ၃၀ ကိုမှ Cookies 4,900 ဘဲကျသင့်မှာဖြစ်ပါတယ်။ HBO နဲ့ Fox sports ကဲ့သို့သော Premium channels တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ Basic ပလန်လိုပဲ ရုပ်ရှင်ရုပ်ရှင်များ ကဏ္ဍ မှ ဇာတ်ကားပေါင်းများစွာကိုပါ တပါတည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
HBO ရဲ့ ကိုယ်ပိုင် စီးရီးတွေကိုတော့ Premium plan ဝယ်ယူထားမယ်ဆိုရင်ကြည့်ရှုလို့ရမှာပါဖြစ်ပါတယ်။ Basic ပလန်နဲ့ HBO ချန်နယ်ကြည့်ရှုလို့မရတဲ့အတွက်ဖြစ်ပါတယ်။
ပလန်တစ်ခုခုဝယ်ယူထားမယ်ဆိုရင်တော့ တစ်ကားချင်းကြည့်ဇာတ်ကားတွေကိုအခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပလန် မဝယ်ယူချင်တဲ့ အသုံးပြုသူတွေအနေနဲ့လည်း တစ်ကားချင်းစီငှားရမ်းကြည့်ရှုလို့ရပါတယ်။ ဒါပေမဲ့ Cookie ရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းက တစ်ကားချင်းကြည့်ဇာတ်ကားအမျိုးအစားမဟုတ်တဲ့အတွက်ကြောင့် ပလန် တစ်ခုခုဝယ်ယူအသုံးပြုဖို့ အကြံပြုလိုပါတယ်။ တစ်ကြိမ်ပေးရုံနဲ့ ဇာတ်ကားအမျိုးအစားအားလုံးကြည့်ရှုနိုင်မှာဖြစ်လို့ ပလန် လေးတွေအမြန်ဆုံးဝယ်ယူအသုံးပြုလိုက်တော့နော်။
မိမိဝယ်ယူထားသောရုပ်ရှင်ကားတွေကို စတင်ဝယ်ယူသည့်နေ့မှ ရက်(၃၀)အထိသိမ်းထားလို့ရပါတယ်။ ဒါပေမယ့် စပြီးကြည့်ရှုလိုက်မယ်ဆိုရင်တော့၊ ၇၂ နာရီအတွင်းပြီးအောင် ကြည့်ရမှာဖြစ်ပါတယ်။
စပြီးကြည့်ရှုလိုက်မယ်ဆိုရင်တော့၊ ၇၂ နာရီအတွင်းပြီးအောင် ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပလန် သက်တမ်းရှိနေသ၍ နောက်တစ်ခေါက်ပြန်ပြီး ဒေါင်းလုပ်ဒ် ပြန်လည်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပလန် သက်တမ်းကုန်ဆုံးသွားပါက ဒေါင်းလုပ်ဒ်ပြုလုပ်ထားသောဇာတ်ကားများကိုကြည့်ရှုနိုင်တော့မည်မဟုတ်ပါ
Refer လုပ်နိုင်တဲ့ မိသားစုဝင်တွေနှင့် သူငယ်ချင်းတွေကို ကန့်သတ်ထားခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် သတိပြုရမှာက Referral Program ကရရှိလာမည့် "Cookies" တွေက "Bonus Cookies တွေဖြစ်ပြီး၊ ရလာတဲ့ Cookie တွေကို လွှဲပြောင်းပေးလို့မရသလို သက်တမ်းအနေနဲ့ကတော့ ရက် ၃၀ အတွင်း သုံးစွဲရမှာဖြစ်ပါတယ်။
Cookie ကိုဘယ်လောက်ထိ သဘောကျလဲဆိုတာကို သက်သေပြရင် "Bonus Cookies" လေးတွေကိုရယူလိုက်ပါ။ သင့်သူငယ်ချင်းတွေကို Cookie ကို Install လုပ်ပြီး Sign up လုပ်ခိုင်းတာနှင့် "Bonus Cookies 1,000" ကိုရရှိမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Code လေးကတော့ Profile ရဲ့ဘေးမှာ ရှိပါတယ်။ လွယ်ကူစွာ Copy/ Paste လုပ်ပြီး သင့်သူငယ်ချင်းတွေကို အခုဘဲပို့လိုက်ပါ။ ဒါမှမဟုတ် "Refer & Earn" ကိုနှိပ်ပြီး "Share Your Code" ကိုရွေးချယ်ကာ ကြိုက်နှစ်သက်ရာ Application ကနေလဲပေးပို့လို့ရပါသေးတယ်။
Cookies TV က ရုပ်သံအစီအစဉ်တွေကို လစဉ်ကြေးကြိုတင်ပေးသွင်းရတာဖြစ်ပြီး အနည်းဆုံး ရက် ၃၀ သက်တမ်းရှိပါတယ်။ အစီအစဉ်အသစ်တစ်ခု ထပ်မံဝယ်ယူချင်တယ်ဆိုရင်တော့ ယခုလက်ရှိဝယ်ယူထားတဲ့အစီအစဉ်သက်တမ်းကုန်သည့်အခါမှ ဝယ်ယူလို့ရသလို၊ သက်တမ်းမကုန်ခင်မှာလဲ ဝယ်ယူလို့ရပါတယ်။ အသစ်ဝယ်ယူထားတဲ့ Plan သည် ဝယ်ယူသည့်နေ့မှစပြီး အကျုံးဝင်ပါသည်။ အကယ်၍ Premiumပလန်ကိုအသုံးပြုနေတုန်း Basic ပလန်ကိုဝယ်ယူမိပါက Cookies ပြန်အမ်းပေးမည်မဟုတ်ပါ။

Cookie Home ဝန်ဆောင်မှုများ

Cookie မှာ မိမိကြိုက်နှစ်သက်သော ရုပ်သံအစီအစဉ်တွေ ဇာတ်ကားတွေကို ပိုမိုကြီးမားသော TV မျက်နှာပြင်ပေါ်တွင် ကြည့်ရှုခံစားနိုင်အောင် ထောင်ပံ့ပေးသော set-top box အမျိုးအစားဖြစ်ပါတယ်။ Cookie မှာ ပြည်တွင်းရုပ်သံလိုင်းတွေ ထိပ်တန်း HBO စီးရီးတွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုနိုင်သလို နောက်ဆုံးထွက် ဟောလိဝုဒ်ဇာတ်ကားတွေ ကိုရီးယားရုပ်သံဇာတ်လမ်းတွေကိုလည်း မြန်မာစာတန်းထိုး သို့မဟုတ် မြန်မာနောက်ခံစကားပြောနဲ့ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Cookie Home box မှာ Cookie set-top box, Bluetooth ရီမု, power adapter, HDMI ကြိုးနဲ့ အသုံးပြုနည်း လမ်းညွှန်တို့ပါဝင်မှာဖြစ်ပါတယ်။
Google play store ကို sign upလုပ်ပြီး မိမိကြိုက်နှစ်သက်ရာ application ကိုဒေါင်းလုပ်ဒ်ဆွဲအသုံးပြုနိုင်ပါသည်။
Cookie Home သည်မြန်မာနိုင်ငံတွင် Google Certificate ရထားသည့် တစ်ခုတည်းသော Android TV ဖြစ်ပါတယ်။Google တွင် အသံဖြင့်ရှာဖွေနိုင်သော ( မြန်မာဘာသာစကားအသုံးမပြုနိုင်သေးပါ။) လုပ်ဆောင်ချက်နဲ့ Chrome cast လည်းအသုံးပြုနိုင်ပါသည်။ Cookie Home ပေါ်တွင်ရှိသော application များသည် Android TV အတွက်ရာနှုန်းပြည့်အထောက်အပံ့ပေးပါသည်။
gmail အကောင့်ကိုအသုံးပြုပြီး Google play store ကို sign inဝင်ပါ။ သို့မဟုတ် မိမိ laptop/phone ရဲ့ Browser သို့သွား၍ androidtv.com/setup ကိုဝင်ပြီး အကောင့်ချိတ်ဆက်ပါ။ ပြီးရင်တော့ Play store မှာကြိုက်နှစ်သက်ရာ application ကိုဒေါင်းလုတ်ပြုလုပ်နိုင်ပါသည်။
Cookie Home ကို Cookie mobile app ကနေကနေတစ်ဆင့်မှာယူနိုင်သလို Cookie Facebook page messenger ကနေတစ်ဆင့်လည်းဆက်သွယ်မှာယူနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှုကနေပြီး မှာယူမှုအတည်ပြုသည့်နံပါတ်ကို SMS ပို့ထားပေးပါလိမ့်မယ်။ထိုနံပါတ်ကိုအသုံးပြုပြီးဖော်ပြပါလင့်ခ်လေးမှာ စစ်ကြည့်လို့ရပါတယ်။
Cookie Home မှာ အသုံးပြုပုံအညွှန်းပါပါတယ်။ WiFi,ရီမု နဲ့ HDMI ကြိုးတွေကို အညွှန်းပါ လမ်းညွှန်ချက်အတိုင်းတပ်ဆင်ပေးပါ။ တစ်ခုခုလိုအပ်တာရှိတယ်ဆိုရင် Cookie ရဲ့ Facebook page messenger ကိုဆက်သွယ်လို့ရပါတယ်။
Cookie Home က HDMI ကြိုးချိတ်ဆက်၍ရသော HD TV sets သို့မဟုတ် 4K/UHD TV sets အများစုကို အထောက်အပံ့ပေးပါတယ်။
ဟုတ်ကဲ့ Game console မှာ ပလပ်ကြိုးနဲ့ USB ကြိုးနဲ့ချိတ်ဆက်လို့ရတဲ့ လုပ်ဆောင်ချက်ပါဝင်ဖို့တော့လိုအပ်ပါတယ်။Game console တစ်ခုချင်းစီရဲ့ အသေးစိတ်နဲ့ လုပ်ဆောင်ချက်တွေကိုတော့ သက်ဆိုင်ရာ Game console အရောင်းဆိုင် သို့မဟုတ် ထုတ်လုပ်ရေးတွေကိုဆက်သွယ်ဖို့ အကြံပြုချင်ပါတယ်။
Cookie Home ကို TV နဲ့ချိတ်ဆက်ပြီးပါက ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ setting မှာဝင်ရောက်ပြောင်းလဲနိုင်ပါတယ်။ အခုလောလောဆယ်မှာတော့ Google ကနေ မြန်မာဘာသာစကားကိုအထောင်အပံ့ပေးထားခြင်းမရှိသေးပါ။ဒါပေမဲ့ Cookie app ကိုမြန်မာဘာသာစကားနဲ့ အသုံးပြုလို့ရမှာဖြစ်ပါတယ်။
ဟုတ်ကဲ့ Google Chrome cast ကိုထည့်သွင်းထားတဲ့အတွက်ကြောင့်မို့လို့ screen mirroring ပြုလုပ်လို့ရပါတယ်။
ဟုတ်ကဲ့အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ Cookie app ကိုတော့ မြန်မာနိုင်ငံပြင်ပမှာအသုံးပြုလို့ မရပါ။
ဟုတ်ကဲ့ လိုအပ်ပါတယ်။ Cookie Home ရဲ့ system setting ကနေတစ်ဆင့် Network Setting မှာ ဝင်ရောက်ချိတ်ဆက်နိုင်သလို LAN ကြိုးနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Cookie Home အတွက် အာမခံ ခြောက်လရှိပါတယ်။ အာမခံ အကျုံးဝင်ဖို့အတွက် အာမခံ ကဒ်ပြားမှာအချက်အလက်ပြည့်စုံရပါမယ်။အာမခံအကြောင်း ပိုမိုသိရှိရန်အတွက် Cookie Home website မှာအာမခံပေါ်လစီအကြောင်းဝင်ရောက်လေ့လာနိုင်ပါတယ်။
စက်ကို ပါဝါအဖွင့်အပိတ်ပြုလုပ်ခြင်း၊ WiFi သို့မဟုတ် TV နဲ့ပြန်လည်ဆက်သွယ်ကြည့်ခြင်း စသော ရိုးရှင်းသောနည်းလမ်းလေးတွေနဲ့ အရင်စစ်ဆေးကြည့်ပေးပါ။ စက်ပစ္စည်းကို မိမိသဘောဖြင့်ဖွင့်စစ်ကြည့်ခြင်းကိုတော့ အာမခံ အပေါ်သက်ရောမှုဖြစ်နိုင်သည့်အတွက် ရှောင်ကြဉ်ရပါမယ်။ Cookie ရဲ့ Facebook page messenger ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Cookie ရဲ့ Facebook page messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Cookie ရဲ့ Facebook page messenger ကိုလည်း ဆက်သွယ်ပြီး ရီမု တစ်ခုတည်းသီးခြား ဝယ်ယူလို့ရပါတယ်။
Cookie app ကို ဖုန်းထဲမှာအရင်ဆုံး sign upပြုလုပ်ပါ။ Cookieမိုဘိုင်းလ် ထဲရှိQR code scan ဖတ်သည့်နေရာကိုနေရာကိုနှိပ်ပြီး TV ပေါ်မှ Cookie app ထဲရှိ QR code ကိုscan ဖတ်ကာ အကောင့်ချိတ်ဆက်နိုင်ပါသည်။
Android TV app မှာ Basic နဲ့ Premium ပလန် ဝယ်ယူအသုံးပြုသူများအနေနဲ့ ရုပ်သံလိုင်းတွေနဲ့ ဇာတ်ကားတွေကို ကြည့်ရှုနိုင်မှာမဟုတ်ပါဘူး။ Android TV အသုံးပြုသူတွေအနေနဲ့ ရက် ၃၀ စာ ၈၉၀၀ တန် Premium home ပလန်ကိုဝယ်ယူမှသာ ချန်နယ်အားလုံးနဲ့ ရုပ်ရှင်များ ကဏ္ဍ မှဇာတ်ကားတွေ၊ HBO original series ကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပလန် မဝယ်ယူထားရင်တော့ တစ်ကားချင်းကြည့်ဇာတ်ကားတွေကို ငှားရမ်းကြည့်ရှုလို့ရပါတယ်။
ဟုတ်ကဲ့ Cookie ရဲ့ ကိုယ်ပိုင်ချန်နယ်ဖြစ်တဲ့ Cookie channel အပြင် သတ်မှတ်ထားသော ပြည်တွင်းရုပ်သံလိုင်းတွေကို ပလန်မဝယ်ယူထားပဲကြည့်ရှုလို့ရပါတယ်။ တချို့ တစ်ကားချင်းကြည့်ဇာတ်ကားတွေကိုတော့ တစ်ကားချင်းငှားရမ်းကြည့်ရှုနိုင်ပါတယ်။ဒါပေမဲ့ ရက် ၃၀ စာ 8900 တန်ပလန် ဝယ်ယူထားရုံနဲ့ Cookie ရဲ့ ချန်နယ်တွေ နဲ့ ရုပ်ရှင်များ ကဏ္ဍ မှ ရုပ်သံဇာတ်ကားပေါင်းများစွာကို ကြည့်ရှုနိုင်မှာဆိုတော့ ပလန် ဝယ်ယူအသုံးပြုဖို့ အကြံပြုလိုပါတယ်။
Cookie app ကို sign up လုပ်ပြီးလျှင်ညာဘက်အပေါ်ထောင့်မှာရှိတဲ့ ပလန်ဝယ်ယူတဲ့နေရာမှာ ဝယ်ယူလို့ရပါတယ်။
မိုဘိုင်းလ်ဖုန်းတွေပေါ်မှာသုံးလို့ရတဲ့ app နဲ့ version အတူတူပဲဖြစ်ပါတယ်။ android TV UI နဲ့ကြည့်ရှုနိုင်အောင်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။Cookie app ကိုအသုံးပြုနိုင်သော devices အမျိုးအစားတွေကိုဖော်ပြပါလင့်ခ်မှာကြည့်ရှုနိုင်ပါတယ်။
Play store မှာ Cookie လို့ရိုက်ရှာပြီး ဒေါင်းလုတ်ပြုလုပ်နိုင်ပါတယ်။
အဆင်မပြေဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူးခင်ဗျာ။ Android TVတော်တော်များများမှာ storage space နည်းပါးတဲ့အတွက်ကြောင့်ဖြစ်လို့ ဒေါင်းလုတ်ပြုလုပ်လို့မရနိုင်ပါဘူး။
ဟုတ်ကဲ့ ရပါတယ်။ "ကြည့်ရှုနေသောဇာတ်ကားများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှာဖွေ ကြည့်ရှုနိုင်ပါသည်။
ဟုတ်ကဲ့ရပါတယ်။ အကောင့်တစ်ခုကို ဖုန်း(၅)လုံးနဲ့ TV တစ်လုံးပေါ်မှာ တစ်ပြိုင်တည်းကြည့်ရှုနိုင်ပါသည်။
စကားဝှက်ကိုတော့ မိုဘိုင်းလ်ဖုန်းပေါ်မှာပဲ ပြောင်းလဲလို့ရပါတယ်။
ပလန်တွေကို တစ်လစာနဲ့အထက် ဝယ်ယူပါက လျှော့စျေးနဲ့ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။
Cookie Home (TV app) ပေါ်မှာ Cookie Premium Home plan ကိုဝယ်ယူရရှိနိင်ပါသည်။ Cookie Premium Home plan ကိုဝယ်ယူပြီး ရုပ်သံလိုင်းများ နဲ့ ရုပ်ရှင်များ အားလုံးကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်
Basic နဲ့ Premium ပလန်က မိုဘိုင်းလ်အတွက်သာအကျုံးဝင်ပါတယ်။ TV ပေါ်မှာ ရုပ်သံလိုင်းတွေ နဲ့ ရုပ်ရှင်များ ကဏ္ဍ မှ ရုပ်သံဇာတ်ကားပေါင်းများစွာကိုအသုံးပြုချင်တယ်ဆိုရင်တော့ Premium home Plan ကိုဝယ်ယူဖို့ လိုအပ်ပါတယ်။ဒါပေမဲ့ ငှားရမ်းထားတဲ့ဇာတ်ကားတွေကိုတော့ မိုဘိုင်းလ် ရော TVပေါ်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ပလန် မဝယ်ယူထားရင်တော့ တစ်ကားချင်းကြည့်ဇာတ်ကားတွေကို ငှားရမ်းကြည့်ရှုလို့ရပါတယ်။
ဇာတ်ကားကို ဖွင့်ပြီးလျှင် TV ရီမုပေါ်က "Down" button ကိုနှိပ်လိုက်ပါ။စာတန်းပြောင်းလဲမှု ဆက်တင် သို့မဟုတ် အသံပြောင်းလဲမှု ဆက်တင်ပေါ်လာပါလိမ့်မယ်။

Cookies နှင့်ငွေပေးချေမှု

Cookie တစ်ခုကို တစ်ကျပ်နှင့်ညီပါတယ်။ ဒါကြောင့် Cookie ၂၀၀၀ ဝယ်ချင်တယ်ဆိုရင်တော့ ၂၀၀၀ ကျပ်အသုံးပြုရမှာပေါ့။
Android phones တွေမှာ အနည်းဆုံး cookies ၁,၀၀၀ ကနေစတင်ဝယ်ယူလို့ရမှာဖြစ်ပြီး iPhones တွေမှာတော့ cookies ၁,၆၀၀ ကနေစတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။
"""Cookie တွေကိုဝယ်ယူဖို့အတွက် """"Menu"""" ထဲမှ """"Fill Your Cookie Jar"""" ကိုနှိပ်၍ မိမိပေးသွင်းလို့သောပမာဏကိုငွေကျပ် """"၁၀၀၀"""" မှစ၍ """"၁၀၀"""" ဆီတိုးပြီးဝယ်ယူလို့ရနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေကိုအသုံးပြုပြီး """"Cookies"""" တွေကိုဝယ်ယူလို့ရနိုင်ပါတယ်: KBZ Bank MPT, Telenor & Oooredoo Wave Money OK Dollar VISA/MASTER Credit Card In-app Purchase ( iOs device များတွင်သာ)
Promotion အစီအစဉ်တွေမှာလက်ဆောင်အဖြစ်ပေးတဲ့ Cookies လေးတွေဖြစ်ပါတယ်။ ပုံမှန် Cookies နှင့်မတူတဲ့အချက်ကတော့ မေတ္တာလက်ဆောင်ရတဲ့ Cookies တွေကိုလွှဲပြောင်းပေးလို့မရပါဘူး။ တခြားတစ်ယောက်ကိုလွှဲပြောင်းပေးလို့မရသလို၊ ရုပ်ရှင်ကားတွေကို တခြားတစ်ယောက်ကို ဝယ်ယူပြီး လက်ဆောင်ပေးလို့မရပါ။ သတိထားရမှာကတော့ မေတ္တာလက်ဆောင်ရရှိထားတဲ့ Cookies လေးတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာသာ အသုံးပြုရမှာဖြစ်ပါတယ်။
ပထမဆုံး Menu ထဲမှ "My Promo" ကိုနှိပ်ပါ၊ ပြီးလျှင် "Register Promo Code" ကိုနှိပ်ပြီး Coupon Code ကိုထည့်သွင်းအသုံးပြုပါ။ ရရှိထားတဲ့ Cookies ပမာဏကိုအတည်ပြုထားတဲ့ စာလေးရောက်လာပါလိမ့်မယ်
ရုပ်ရှင်နှင့် ရုပ်သံလိုင်းများ၏ မူပိုင်ခွင့်ကိုင်ဆောင်သူ၏ သဘောတူညီချက်နှင့် ပေါ်လစီများအရ အချို့ရုပ်သံလိုင်းများတွင် Catch-up ဝန်ဆောင်မှုကိုအသုံးပြု၍မရနိုင်ပါ။
Cookie TV မှရုပ်ရှင်ကားတိုင်းကို ဒေါင်း၍ကြည့်လို့ရအောင်လုပ်ထားပေမယ့်၊ မူပိုင်ခွင့်ကိုင်ဆောင်သူ၏ Policy အရ တစ်ချို့ရုပ်ရှင်ကားများမှာ တိုက်ရိုက်ကြည့်ရှုလို့ရပြီး ဒေါင်းလုတ်ဆွဲလို့ရမည်မဟုတ်ပါ။ သတိပြုရမှာက Cookie TV မှာ ဒေါင်းလုတ်လုပ်လို့မရသောရုပ်ရှင်ကားများကို အခြားမည်သည့် OTT ဝန်ဆောင်မှုတွင်မဆိုဒေါင်းလုတ်လုပ်လို့ရမည်မဟုတ်ပါ။