Edgesport အားကစားရုပ်သံလိုင်းအား Cookie TV တွင် ထပ်တိုးပြသ

ရန်ကုန်၊ မြန်မာ။ နိုင်ငံတကာ အားကစားရုပ်သံလိုင်းတစ်လိုင်းဖြစ်သည့် EDGEsport ကို မေလ ၁ ရက်နေ့တွင် Cookie TV မှာ စတင်ပြသသွားမည်ဖြစ်သည်။ EDGEsport ရုပ်သံလိုင်းသည် ကမ္ဘာတစ်ဝန်းတွင်ပြသလျက်ရှိသော အားကစားရုပ်သံလိုင်းတစ်ခုဖြစ်ပြီး အားကစားအစီအစဉ်များကို ဖြန့်ချိလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး IMG Media မှ စီစဉ်တင်ဆက်သည်။

EDGEsport တွင် ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး action sports အစီအစဉ်များပါဝင်ပြီး ထိပ်တန်းအားကစားပွဲများဖြစ်သည့် Street League Skateboarding ၊ Crankworx ၊ FISE World Tour ၊ the Freeride World Tour နှင့် အခြားပွဲများ၏ တိုက်ရိုက် LIVE ထုတ်လွှင့်မှုအစီအစဉ်များနှင့် ပွဲစဉ်တစ်လျှောက် စိတ်ဝင်စားစရာအကောင်းဆုံး highlights များပါ ထုတ်လွှင့်သွားမည်ဖြစ်သည်။ စိတ်လှုပ်ရှားစရာပွဲများကို တိုက်ရိုက်တင်ဆက်သွားမည့်အပြင် ထူးထူးခြားခြားအဖြစ်အပျက်များကို အသေးစိတ်ရိုက်ကူးထားသည့် ရုပ်ရှင်နှင့် မှတ်တမ်းတင်ရုပ်ရှင်များကိုပါ ကြည့်ရှုများအတွက် တင်ဆက်ပြသသွားမည်ဖြစ်သည်။

EDGEsport ရုပ်သံလိုင်းသည် Cookie TV ၏ တစ်လလျှင် ၄၉၀၀ ကျပ်တန် ရိုးရှင်း plan တွင် ပါဝင်သွားမည်ဖြစ်သည်။ ယခုအခါ Cookie TV သည် သတင်း၊ဖျော်ဖြေရေး၊ Lifestyle၊အားကစား စသည့် ကဏ္ဍအစုံအလင်ကို ရုပ်သံလိုင်းပေါင်း ၅၀ ကျော်မှတဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသလျက်ရှိသည်။

EDGEsport အကြောင်း

EDGEsport သည် စိတ်ဝင်စားစရာ အားကစားသမားများနှင့် အားကစားပွဲများအကြောင်း အသားပေးတင်ဆက်ပြသသွားမည်ဖြစ်ပြီး ရုပ်သံလိုင်းတစ်ခုထက်ပိုသော ဘဝနေထိုင်မှုပုံစံတစ်မျိုးကို ဖော်ပြတဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်ပါသည်။ EDGEsport တွင် action sports ကဏ္ဍနှင့် ဆက်နွှယ်သမျှ အစီအစဉ်များစွာ စုံစုံလင်လင်ပါဝင်မည်ဖြစ်ပြီး ပွဲစီစဉ်သူများ၊ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲကာ စိတ်လှုပ်ရှာအံ့အားသင့်ဖွယ်ရာ အကြောင်းအရာများကိုပါ ဦးစားပေးတင်ဆက်သွားမည်ဖြစ်သည်။ အဆန်းသစ်ဆုံး cloud-based delivery နည်းပညာကိုအသုံးပြုပြီး ကြည့်ရှုသူတစ်ဦးချင်းစီ စိတ်တိုင်းကျနှစ်သက်စေမည့် ရုပ်သံလိုင်းတစ်လိုင်းဖြစ်လာရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် EDGEsport သည် သမားရိုးကျ အားကစားရုပ်သံလိုင်းများမှ တစ်မူထူးခြားစွာကွဲထွက်နေမည်ဖြစ်ပါသည်။

Cookie TV အကြောင်း

Cookie TV သည် Live TV နှင့် ရုပ်ရှင်ကားများကို နေရာမရွေး အချိန်မရွေး လိုသလိုကြည့်ရှုနိုင်မည့် mobile TV ဖြစ်သည်။ Cookie TV ၏ လစဉ်ကြည့်ရှုခကောက်ခံသည့် Live TV plan များတွင် ပြည်တွင်းရုပ်သံလိုင်းများနှင့် ကမ္ဘာတစ်ဝန်းနာမည်ကြီး နိုင်ငံတကာရုပ်သံလိုင်းများသာမက ထုတ်လွှင့်ပြီးသား အစီအစဉ်များကိုအချိန်မရွေးပြန်လည်ကြည့်ရှုနိုင်မည့် catch-up service ပါဝင်သည့်အတွက် အသုံးပြုသူများအား ပိုမိုအဆင်ပြေစေပါသည်။ Cookie TV ဖြင့် ရုပ်ရှင်များကို အလွယ်တကူကြည့်ရှုနိုင်မည့်အပြင် ဟောလိဝုဒ်မှ နောက်ဆုံးထွက်အသစ်စက်စက်ရုပ်ရှင်များနှင့် ကိုရီးယား TV show များ၊ရုပ်ရှင်များကိုပါ တစ်ကားချင်းပေးပြီး သို့မဟုတ် classic ရုပ်ရှင်များအတွက်လည်း album အလိုက် လစဉ်ကြေးဖြင့်ကြည့်နိုင်သည့်အစီအစဉ်ပါရှိသည်။ မကြာခင်ကာလအတွင်း ပိုမိုစုံလင်ကောင်းမွန်သော အစီအစဉ်များကို ထပ်တိုးပြသသွားမည့်အပြင် TV show များ၊ မြန်မာ၊ ထိုင်း၊ တရုတ် နှင့် အိန္ဒိယ စသည့် မတူညီသောဒေသအသီးသီးမှ ရုပ်ရှင်များပါ ပါဝင်မည်ဖြစ်ပါသည်။Cookie TV အကြောင်း ထပ်မံသိရှိလိုပါက official website ဖြစ်သည့် https://www.cookie-tv.com/ သို့မဟုတ် facebook page https://www.facebook.com/cookietvmyanmar/ သွားရောက်လေ့လာနိုင်ပါသည်။