Encoding နည်းပညာ အဆင့်မြှင့်တင်ခြင်း သတင်းထုတ်ပြန်ချက်

Cookie ချစ်သူတို့အတွက် Cookie TV ကနေရုပ်ရှင်တွေကို Download လုပ်သည့်အခါမှာ ပိုမိုကောင်းမွန်မြန်ဆန်တဲ့ အတွေ့အကြုံရနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတစ်ခု ပြုလုပ်ပေးလိုက်ပြီးဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ်။

Cookie TV မှ ယခင်အသုံးပြုနေသည့် Encoding Technology ကနေ High Efficiency Video Coding (HEVC) တစ်နည်းအားဖြင့် H.265 လို့ခေါ်တဲ့ Video File တွေရဲ့ Size ကိုချုံ့လိုက်တဲ့စနစ်ကို ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။ H.265 က Video File Size တွေကိုတစ်ဝက်တိတိ ချုံ့လိုက်နိုင်တာကြောင့် Cookie ချစ်သူများအနေဖြင့် ရုပ်ရှင် File တွေကို Download ဆွဲသည့် ဒေတာသုံးစွဲမှုကို 50% အထိလျော့ချနိုင်မှာဖြစ်သလို့ ရုပ်ရှင် File တွေကိုသိမ်းဆည်းရာမှာလဲ Storage အနည်းငယ်ဘဲလိုအပ်မှာဖြစ်ပါသည်။ Size ကိုတစ်ဝက်တိတိချုံ့ချလိုက်ပေမယ့် Video Quality ကတော့ကျမသွားဘဲ ပုံမှန်အတိုင်းရှိနေမှာဖြစ်သည့်အတွက် ရုပ်ရှင်တွေကိုကြိုက်နှစ်သက်သည့် Cookie ချစ်သူတွေအနေနှင့် ရုပ်ရှင်တွေကို ယခုထက်ပို Download ဆွဲနိုင်ပြီး၊ ပိုကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။