SAMSUNG Myanmar နှင့် Cookie TV တို့ Galaxy S10 တွင်ပူးပေါင်းဆောင်ရွက်လိုက်သည့် အစီအစဉ်အသစ်

SAMSUNG Myanmar နှင့် Cookie TV တို့ Galaxy S10 တွင်ပူးပေါင်းဆောင်ရွက်လိုက်သည့် အစီအစဉ်အသစ်ကို ယနေ့စတင်လိုက်ကြောင်း သတင်းထုတ်ပြန်လိုု်က်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုကြောင့် SAMSUNG Galaxy S10 သုံးစွဲသူများအနေဖြင့် Cookie TV တွင်ပါဝင်သော နိုင်ငံတကာရုပ်သံလိုင်းပေါင်း ၅၀ ကိုကြည့်ရှုနိုင်သည့် “ထိရှ package” ကို သုံးလအခမဲ့ ကြည့်ရှုခွင့် ရရှိမည်ဖြစ်ပါသည်။

ယခုပရိုမိုးရှင်းကို Galaxy S10 ဖုန်းကိုအသုံးပြု၍ Cookie TV Application ကိုဝင်ရောက်လိုက်ရုံဖြင့် Cookie TV မှကူညီပံ့ပိုးပေးထားသည့် ငွေကျပ် ၂၀,၈၀၀ တန်ဖိုးရှိသည့် “ထိရှ” ၃လစာကြည့်ရှုခွင့်ကို အလွယ်တကူရရှိမှာဖြစ်ပါသည်။ SAMSUNG Galaxy S10 သုံးစွဲသူများအနေဖြင့် Cookie TV Application ကို Google Play Store တွင် Download ပြုလုပ်ရမည်ဖြစ်ပါသည်။ ၂၀၁၉ မတ်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ဤပရိုမိုးရှင်းကို ရယူနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက CookieTV ၏ Facebook စာမျက်နှာ (သို့) SAMSUNG Myanmar ၏ Facebook စာမျက်နှာ (သို့) Call Center 01-2399888 ခါ်ဆို၍လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စည်းမျဉ်းစည်းကမ်းများ

  1. ပထမဦးဆုံးအကြိမ် ဝင်ရောက်သည့်အကောင့်သာ ယခုပရိုမိုးရှင်းကို ရရှိမှာဖြစ်ပါသည်။
  2. ဖုန်းတစ်လုံးကို တစ်ကြိမ်သာ ခံစားခွင့်ရှိမည်ဖြစ်ပါသည်။
  3. ယခုပရိုမိုးရှင်းကိုရယူခြင်းအားဖြင့် တခြားပရိုမိုုးရှင်းများအားဆက်စပ်ခံစားခွင့်မရှိပါ။
  4. ၂၀၁၉ မတ်လ ၁၆ရက်နေ့မှ စက်တင်ဘာလ ၁၆ရက်နေ့အထိသာ အကျုံးဝင်ပါသည်။
  5. ယခုပရိုမိုးရှင်းကို Cookie TV အနေဖြင့် အခါအားလျော်စွာ သုံးစွဲသူထံကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိပဲ ပြုပြင်ခြင်း (သို့) ရုပ်သိမ်းခြင်းပြုလုပ်နိုင်ပါသည်။